သတင်းများ

ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၌ ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော
Jul 23,2026
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း ကျေးရွာလူငယ်သင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဝါးခယ်မမြို့နယ်၌ Rice Export Zone ဖြင့် စာချုပ်ချုပ်ဆိုပွဲနှင့် သွင်းအားစု​ပေးအပ်ပွဲကျင်းပ
Jul 23,2026
ဧရာဝတီတိုင်း​ဒေသကြီး၊ ​မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဇူလိုင်လ ၂၁ ရက်နေ့နံနက် ၀၉း၃၀ နာရီက မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရာသီပေါ် ဆန်းစပါးစိုက်တောင်သူများအား ရွှေခယ်ဝတီကုမ္ပဏီမှ  Rice Export Zone ဖြင့် စာချုပ်ချုပ်ဆိုပွဲနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ဖျာပုံမြို့နယ်တွင် စားသုံးဆီအရောင်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း လိုက်လံစစ်ဆေးကြသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(သထုံ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 23,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အင်္ဂပူမြို့နယ်၌ အငြိမ်းစားပင်စင်စားဝန်ထမ်းများအား စားအုန်းဆီများ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင်ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားအုန်းဆီများ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့သည်။
ဝေါမြို့နယ်၌ မိုးရာသီ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ
Jul 23,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ဝေါမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မိုးရာသီ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျွဲတဲစုကျေးရွာ၊ မိုးယွန်းကြီး-ဇွဲဘတ်တာ တာမိုင် (၈/၆) မိုးယွန်းကြီး ရေပိုလွှဲအနီး၌ ကျင်းပသည်။
သန်လျင်မြို့နယ် အောင်မြေအင်အား ကိုယ်ပိုင် အ.လ.က ကျောင်း၌ ကျောင်းကျန်းမာရေး လုပ်ငန်းများဆောင်ရွက်
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊သန်လျင်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား ၊ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးစေရေး ၊မျက်စိကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အောင်မြေအင်အား ကိုယ်ပိုင် အ.လ.က ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ကြက်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Jul 23,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ကြက်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ကြက်ဥများ ဈေးနှုန်းသင့်သင့်မျှတ၍ စားရေရိက္ခာပိုမိုဖူလုံမှုရရှိစေရန်အတွက် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက်ဥစုဆောင်ဖြန့်ဖြူး ရောင်းချသူများအား ဇူလိုင်လ (၂၁) ရက်နေ့၊ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးသည်။