ကျောက်တံတားမြို့နယ်၌ နိုင်ငံသားအရည်အချင်းပြည့်မီသည့်ကျောင်းသား၊ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး

ကျောက်တံတား ဇူလိုင် ၂၃

ကျောက်တံတားမြို့နယ်၌ နိုင်ငံသား အရည်အချင်းပြည့်မီသော ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် အ-ထ-က(ကျောက်တံတား)၊စကားဝါခန်းမ၌ ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်၊ ကျောက်တံတားခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ ၊ ကျောက်တံတားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များက နိုင်ငံသားအရည်အချင်းပြည့်မီသော ကျောင်းသား၊ကျောင်းသား များသို့ နိုင်ငံသား စိစစ်ရေးကတ်ပြား နှင့် UID များကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)