ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ရည်ရွယ်၍ ဗမာကြက်နှင့် အသားစား (CP) ကြက်များအား သက်သာ​​သော ​စျေးနှုန်းဖြင့်​ ​နေ့စဉ်ရောင်းချပေးလျက်ရှိ

ပြည် ဇူလိုင် ၂၃

ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပဲခူးတိုင်း​ဒေသကြီး စည်ပင်သာယာ​ရေး၀န်ကြီးနှင့် ပြည်ခရိုင်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်​ရေး​ကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ ဗမာကြက်နှင့် အသားစား(CP)ကြက်များကို သက်သာ​​သော​စျေးနှုန်းဖြင့် ၀ယ်ယူစားသုံးနိုင်​ရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှစ၍ ပြည်မြို့ မြို့မ​စျေးကြီး၊ ​အောင်မင်္ဂလာ​စျေး၊ ကိုး​သောင်း​စျေးနှင့် မြို့သစ်​စျေးများတွင် ​ ဗမာကြက်နှင့် အသားစားကြက်များကို သက်သာ​​သော​စျေးနှုန်းဖြင့် နေ့စဉ်​ရောင်းချ​ပေးလျက် ရှိ​ကြောင်း သိရသည်

လက်ရှိဈေးနှုန်းအရ ဗမာကြက်သားကို အ​ကောင်လိုက်​စျေး တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀၊ အခြမ်း​စျေး တစ်ပိဿာလျှင် ကျပ် ၂၄၅၀၀၊ အသားစား (CP)ကြက်သားကို အ​ကောင်လိုက်​စျေး တစ်ပိဿာလျှင် ကျပ် ၂၀၅၀၀၊ အခြမ်း​စျေး တစ်ပိဿာလျှင် ကျပ် ၂၂၅၀၀ တို့ဖြင့် အသီးသီး ရောင်းချ​ပေးလျက်ရှိ​ရာ ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ ဗမာကြက်နှင့်အသားစား (CP) ကြက်များကို ပြည်မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ အနေဖြင့် မွေးမြူ​ရေးလုပ်ငန်းရှင်များထံမှ ​ ခြံတွင်တိုက်ရိုက်၀ယ်ယူ၍ ပြည်သူများထံသို့ သက်သာ​သော ​​စျေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)