မြစ်ကြီးနား ဇူလိုင် ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၁ ရက် နံနက် ၁၁ နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်း ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ရှိရာ ရွှေမိုးတောင်ခြေ၌ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များပါဝင်သည့် ကံပိုင်တည် OSS အဖွဲ့ယာယီရုံးဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးက တဖက်နိုင်ငံသို့ တင်သွင်းမည့် စိုက်ပျိုးရေး သီးနှံများနှင့် တစ်ဖက်နိုင်ငံမှ သွင်းကုန်ပစ္စည်းများအား တရားဝင်ဖြစ်စေရေးနှင့် ဒေသတွင်းကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးတို့အတွက် သွင်းကုန်လိုင်စင်ဖြင့် တရားဝင်တင်သွင်း ခွင့်ပြုနိုင်ရေး၊ ကျသင့်အခွန် အခများရရှိရေးတို့အတွက် တရားဝင်ကုန်သွယ်မှုနှင့် စစ်ဆေးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် အတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များပါဝင်သည့် ကံပိုင်တည် OSS အဖွဲ့ ယာယီရုံးဖွင့်လှစ်စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ဝိုင်းမော်ပင်မဓာတ်အားခွဲရုံဝင်းအတွင်း ယာယီရုံးများ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ယာဉ်စစ်ကွင်းပြုလုပ်မည့်ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကျေးရွာအတွင်းရှိ ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းပိုင်ကွင်း၌ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)