အလုပ်ခွင်ထိခိုက်‌မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ရွှေပြည်သာတွင် ထုတ်ပေး

ရွှေပြည်သာ ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရွှေပြည်သာမြို့နယ် Rhino Plastic စက်ရုံမှအာမခံအလုပ်သမား ဦးပြည့်စုံဖြိုး၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးတာဝန်ခံအရာရှိက အလုပ်ရှင်အလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းခွင်ထိခိုက်‌သေဆုံးခြင်း ကျန်ရစ်သူအကျိုးခံစားခွင့်အတွက် ခွင့်ပြုငွေ ကျပ် ၆,၃၂၄,၀၀၀/ (ကျပ် ခြောက်ဆယ်သုံးသိန်း နှစ်သောင်း လေးထောင် တိတိ) အား ကျန်ရစ်သူဇနီး ဒေါ်စိမ်းမြဦးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)