ကမာရွတ်မြို့နယ်၌ မွေးကင်းစမှအသက်(၂)နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကမာရွတ် ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက်ပိုင်းက မွေးကင်းစမှ အသက်(၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအားလစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းမျာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ကမာရွတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သင်းသင်းနိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့- ကြက်ညှာ- မေးခိုင် - အသည်းရောင် အသားဝါ (ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီ ယို ကာကွယ် ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးရက်များအလိုက် ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)