မိုင်းယန်း မေ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်က အဖွင့်အမှာစကားပြောကြာပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်ကျော်မှ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွက်ချက်နှင့် မံကိန်းရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်ဖော်ရေးကော်မတီအဖွဲ့ဝင်များမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အားနည်းချက်၊ အားသာချက်များကို အကြံပြုသုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး