တံတား မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံကိုရီးယားဘာသာစကား သင်တန်းဖွင့်ပွဲ အခန်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူးလွင်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ မိမိတို့ဝါသနာပါရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရေးတို့အတွက် ရည်ရွယ်၍ နွေရာသီအားလပ်ရက်တွင် ယခုကဲ့သို အခမဲ့သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို မေလ (၆) ရက်နေ့မှ မေလ (၁၀) ရက်နေ့ နံနက် (၁၀) နာရီမှ မွန်းလွဲ (၃)နာရီအချိန်အထိ သင်တန်းကာလ (၅) ရက်အကြာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းနည်းပြဆရာ ဦးသက်ပိုင်လင်းက သင်ခန်းစာများကို အခြေခံမှစတင်ကာ လက်တွေ့သင်ကြားပို့ချခဲ့ရာ သင်တန်းသား/သင်တန်းသူ (၂၀) ဦးတို့ တတ်ရောက်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)