ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ဥတ္တရသီရိ မေ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦး ဦးဆောင်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ(ရေနှင့် သန့်ရှင်းမှုဌာန)၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန၊ ဥတ္တရသီရိမြို့နယ် အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အရာထမ်းကိုယ်စားလှယ်များသည် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ချောင်းတစ်​လျှောက်ရှိ သဲထုတ်လုပ်ငန်းများကြောင့် ချောင်းတစ်လျှောက် နုန်းမြေများစုပုံနေခြင်း ရှိ/မရှိနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တည်ဆောက်ထားသော Rubber Dum များတွင် နုန်းမြေများစုပုံနေခြင်းကိစ္စနှင့်ပတ်သတ်၍ နေပြည်တော်ကောင်စီနှင့် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ညွှန်ကြားချက်အရ မြေပြင်ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)