မိုင်းယောင်းမြို့၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဆောက်လုပ်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

မိုင်းယောင်း ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမျူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမျူး ဦးစိုးသက်ဆွေသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ သင်္ကြန်ယိမ်းအဖွဲ့၏ မဏ္ဍပ်အလိုက် ဖျော်ဖြေနိုင်ရေးဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဟောင်ကြန့်အုပ်စု၊ ခိုကဲကျေးရွာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ သင်္ကြန်တေးသီချင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့တွင်လည်းကောင်း၊ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲကို သင်္ကြန်အတက်နေ့တွင်လည်းကောင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

ထွန်းမြင့်လှိုင်