သရက် ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်းကို ယနေ့ နံနက် (၈) နာရီက သရက်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားကို နမောတဿ (သုံးကြိမ်) ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် သရက်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဩဝါဒမိန့်ကြားတော်မှုကို နာယူခဲ့ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆရာတော်သံဃာတော်များအား ဝတ္ထုငွေများဆပ်ကပ် လှူဒါန်းပေးခဲ့ပြီး သာသနာရေးဆိုင်ရာ များ လျောက်ထားပေးခဲ့သည်။
ထို့နောက် သရက်မြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းတိုက်ဆရာတော်က ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၏ လှူဒါန်းမှုအစုစု တန်ဖိုးကျပ်သိန်း (၁၁၅) သိန်းကျော်အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ပထမတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ ထူးချွန်ဆုရ သင်တန်းသားသင်တန်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ခဲ့ပြီး သင်တန်းသားသားငယ်/ သမီးငယ်လေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုရွတ်ဆိုကာ ဗုဒ္ဓသာသနံစိရံတိဌတု (သုံးကြိမ်) ရွတ်ဆို၍ အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)