နတ်မောက် ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့မဈေးအတွင်း ကိုယ့်အားကိုယ်ကိုးဈေးလျှောက်လမ်းအမိုး တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဈေးအတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ ဈေးအတွင်း ရာသီဥတုဒဏ်ကြောင့် ရောင်းကုန်ပစ္စည်းများ ပျက်စီးမှုမရှိစေရေးနှင့် အပူဒဏ်လျော့ချနိုင်ရေးတို့အတွက် E2 ရုံနှင့် F2 ရုံကြားတွင် ကိုယ့်အားကိုယ်ကိုး ဈေးရုံလျှောက်လမ်းအမိုး တည်ဆောက်နိုင်ရေး ဆိုင်ခန်းရှင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဆိုင်ခန်းရှင်များကလည်း မိမိတို့ဘက်မှ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဆိုင်ခန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မူမူစန်း