မိုင်းဖြတ်မြို့နယ်၌ ဝိနယဝိဒူ ဘွဲ့တံဆိပ်​တော်ရ အရှင်သုကုမာရအား ​ဂုဏ်ပြုကြိုဆိုပူ​ဇော်

မိုင်းဖြတ် ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင်  ဝိနယဝိဒူဘွဲ့တံဆိပ်​တော်ရ အရှင်သုကုမာရအား ဧပြီလ ၁၀ရက် ၊ ည​နေ ၄နာရီခွဲခန့်က သံဃာ​တော်များ၊ ဌာနဆိုင်ရာများ၊ ​ဒေသခံပြည်သူများ၊ ဒါယကာ၊ ဒါယိကာမများ၊ လူမှူ​ရေးအသင်းအဖွဲ့များက နားမွန်း​ကျေးရွာအနီး မြို့အဝင်၌ သွား​ရောက်ဂုဏ်ပြုကြိုဆိုခဲ့ကြ​ကြောင်း သိရသည်။

​​ရှေးဦးစွာ ယ​နေ့မွန်းလွဲ၁နာရီက တာချီလိတ်မြို့နယ်ရှိ၊ မြို့နယ်ဓမ္မာရုံ၌ ၂၀၂၃ ခုနှစ်၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားမှ ဝိနယဝိဒူဘွဲ့တံဆိပ်​တော် ဆက်ကပ်လှုဒါန်းရရှိလာပြီး ပြန်လည်ကြွ​ရောက်လာသည့် အရှင်သုကုမာရအား သံဃာ​တော်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်​အောင်နှင့် ဌာနဆိုင်ရာများ၊ ​ဒေသခံပြည်သူများ၊ ဒါယကာ၊ ဒါယိကာမများ၊ လူမှူ​ရေးအသင်းအဖွဲ့များ၊ ဝတ်ရွတ်အသင်းများက မြို့အဝင်တွင် ​မော်​တော်ယာဥ်များဖြင့် ​ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်းတိုက်သို့ ပင့်​​ဆောင်ခဲ့ရာ အလှူရှင်များ၊ ဒါယကာ၊ ဒါယိကာမများက နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြ​ကြောင်း သိရသည်။

ဝိနယဝိဒူဘွဲ့တံဆိပ်​တော်ရ အရှင်သုကုမာရသည် မိုင်းဖြတ်မြို့နယ်၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်တွင် သီတင်းသုံးလျက်ရှိပြီး သက်တော်(၂၈)နှစ်၊ ဝါတော်(၈)ဝါဖြင့် ဝိနယဝိဒူဘွဲ့၊ အုပ်စု(၁)ကျမ်းစဉ် နိကာယ်စာမေးပွဲ၊ ပါရာဇိကကဏ္ဍပါဠိတော်၊ ပါစိတ္တိယပါဠိတော်၊ မဟာဝဂ္ဂပါဠိတော်၊ စူဠဝဂ္ဂပါဠိတော်၊ ပရိဝါရပါဠိတော်ကို ရရှိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)