မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ်မြို့နယ်အတွင်း သောက်သုံးရေများ သွားရောက်လှူဒါန်း

သဖြူဇရပ် မေ

၂၀၂၄ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့်နေရာများသို့ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံး ရေရှားပါးသည့် အောင်သာယာရပ်ကွက်သို့ မီးသတ်ယာဥ်ဖြင့် သွားရောက်ပြီး ယနေ့နံနက်ပိုင်းတွင် ရေဂါလံ(၁၆၀၀)ခန့် လှူဒါန်းခဲ့သည်။

ထို့ပြင် ယမန်နေ့နံနက် (၇)နာရီက မြို့နယ်မီးသတ်စခန်းရှေ့၌ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် မြိုနယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူပြီး၊ ကျိုက်ဇေယျာသုခဘုရားရင်ပြင်တော်တွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ယခုလိုပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီမှူး ဦးအောင်ကျော်ထွေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)