ခိုလမ်မြို့၊ သစ်တောဦးစီးဌာနမှ ခိုလမ်ဘိနယ်ရှိ သစ်တောပျိုးဥယျာဉ်တွင် မိုးရာသီလူထုဖြန့်ဝေပေးရန် ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိ

ခိုလမ် မေ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သစ်တောဦးစီးဌာနမှ ခိုလမ်နယ်ရှိ သစ်တောပျိုးဥယျာဉ်တွင် မိုးရာသီလူထုဖြန့်ဝေပေးရန် ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။

ထိုသို့ပျိုးထောင်ထားရှိရာတွင် မဲဇလီ (၁၀၀၀၀)၊ စိန်ပန်းပြာ (၅၀၀၀)၊ မျောက်ငို (၅၀၀၀)၊ မန်ဂျန်ရှား (၄၀၀၀) နှင့် စိန်တံချူ (၁၀၀၀) ပင်၊ စုစုပေါင်းပျိုးပင် (၂၅၀၀၀) ပင် ပျိုးထောင်ထားလျက်ရှိပြီး၊ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးရန်နှင့် မိုးရာသီဇွန်လဆန်းတွင် သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)