ကျောက်ဆည် ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်(၁၀)နာရီခွဲက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစာကြည့်တိုက်သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာကြည့်တိုက်အမျိုးအစားများ၊ ပြည်သူ့စာကြည့်တိုက် စီမံခန့်ခွဲရေးလုပ်ငန်းဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာကြည့်တိုက် ပုံမှန်စစ်ဆေးခြင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာကြည့်တိုက်ပညာနှင့် ထူးခြားသည့် ဝိသေသများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်မှ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း မြှင့်တင်ရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ စာကြည့်တိုက်အောင်မြင်ရေး ပြုပြင်ဆောင်ရွက်ရန်အချက်များအား Online မှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်ပညာသင်တန်းသို့ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်ရုံးများရှိ ဒုတိယဦးစီးမှူး၊ စာကြည်တိုက်လက်ထောက်(၃)၊ ရုပ်သံကျွမ်းကျင်(၃)၊ အငယ်တန်းစာရေးများ ဝန်ထမ်းများ စုစုပေါင်း (၁၂) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဧပြီ (၁၁) ရက်နေ့မှ (၁၂)ရက်နေ့အထိ (၂) ရက်ကြာ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)