ကျောင်းကုန်း ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းမှ သစ်ဆိမ့်ကုန်း အုပ်စု၊ ချောင်းဝကျေးရွာနေ ပြည်သူများသောက်သုံးရေရရှိရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက ရေပေးဝေပေးခဲ့ကြသည်။
ယခုနွေရာသီသည် အပူရှိန်ပြင်းသထက်ပြင်းလာနေသဖြင့် မြေအောက်ရေနေပေများ နိမ့်ကျဆင်းသွားရာ သောက်သုံးရေအဆင်ပြေစေရေးအတွက် ရေဂါလံ(၁၆၀၀)ဆံ့ မီးသတ်ယာဉ်ဖြင့် သွားရောက်ကာ အခမဲ့ရေပေးဝေခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)