တောင်တွင်းကြီး ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ယနေ့နံနက်(၇)နာရီက စတင်၍ ဗဟိုမဏ္ဍိပ်ကြီးနှင့် မဏ္ဍပ်ငယ် စုစုပေါင်း (၁၄)လုံးအား ပြန်လည်ဖျက်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မဏ္ဍပ်များ ပြန်လည်ဖျက်သိမ်းနေခြင်းအား တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာ ဝန်ထမ်း (၁၀၀)ဦးခန့်နှင့် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မတော်သား (၂၀၀)ဦး စုစုပေါင်း (၃၀၀)ဦးရေခန့် ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ရွှေရောင်တော်ဘုရားကြီးအတွင်းရှိ မဏ္ဍပ်အသီးသီး ပြန်လည်ဖျက်သိမ်းနေမှုအား သွားရောက်၍ စုပေါင်းလုပ်အားကုသိုလ် ပါဝင်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)