ယင်းမာပင်မြို့၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်း ကျင်းပ
Apr 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်မှ “အရမ်းပြင်လျှင် အယဉ်ပျက်သည်”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို မြို့နယ်သာယာအေးခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။