ဇလွန် ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဇလွန်မြို့နယ်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဌာနအသီးသီးအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို တိကျစွာအလေးထားလိုက်နာဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းဝင်ဌာနအလိုက် စီမံကိန်းတာဝန်များကို ပေးအပ် ခဲ့ကြသည်။
ဝေယံ - ဇလွန် ( ပြန် / ဆက်)