ကျိုက်မရော ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၀/၂၀၂၄ ဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒက်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူ (၃၃၀၃)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုပ်မ ၄၀၁/ပုပ်မခွဲ (၁)အရ ပြစ်ဒက်မှ လွတ်ငြိမ်းခွင့်ပြုသဖြင့် ကျိုက်မရောမြို့နယ်ရှိ အကျဥ်းထောင်မှ အကျဥ်းသား (၁၆)ဦး၊ အကျဥ်းသူ(၄)ဦး စုစုပေါင်း(၂၀)ဦး လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ အကျဥ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ (၂၀)ဦးအား ယမန်နေ့ နေလယ် ၁ နာရီက အကျဥ်းဦးစီးဌာနရှိ ဧည့်ရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အကျဥ်းဦးစီးဌာန၊ အကျဥ်းထောင်မှ တာဝန်ရှိသူများက ကောင်းမွန်စွာနေထိုင်ကြရန် ဆုံးမစကားပြောကြားခဲ့ပြီး ၄င်းတို့အား ခရီးစရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)