ပေါင် ဧပြီ ၁၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် လုပ်အားရှင်များအား လွှတ်ပေးသည့် အခမ်းအနားကို ဇင်းကျိုက်၊ ရင်းငြိမ်၊ အင်ပြောင်ကုန်ထုတ်စခန်းတို့၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင် များ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) (၁) အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၃)ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၁၁)ဦးနှင့် အင်းပြောင်ကုန် ထုတ်စခန်းမှ အကျဉ်းသား(၆)ဦး စုစုပေါင်း(၂၀) ဦးအား အကျဉ်းဦးစီးဌာနမှ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)