ရွှေတောင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် (၂) လုံးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ရွှေတောင် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာတွင် ဧပြီလ ၁၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် ( ၂) လုံးအား ယမန်နေ့ နံနက်ပိုင်းက  ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ်  (၂)လုံး၊ အိမ်ထောင်စု (၂) စုအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဝါးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော အဖွဲ့ဖြင့် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော တစ်အိမ်ထောင်လျှင်  ပစ္စည်း (၁၇) မျိုးပါပုံး(၁)  ပုံးစီ၊ ဒေါ်ခင်ဌေးလွင်၏ (သွပ်မိုး၊ပျဥ်ကာ၊ပျဥ်ခင်း) နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး  (၂၀၀၀၀၀ိ/-) ကျပ်နှုန်း၊ ဦးသန်းဌေး၏ (သွပ်မိုး၊ ထရံကာ၊ ဝါးခင်း) နေအိမ်အတွက်အိမ်ဆောက်ပစ္စည်းဖိုး  (၁၀၀၀၀၀ိ/-) ကျပ်နှုန်း၊ လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး (၂၁၀၀ိ/-) နှုန်းဖြင့်(၈) ဦးစာအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၆၈၀၀ိ/-)ကျပ် စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၁၆၈၀၀ိ/-) ကျပ်အားထောက်ပံ့ပေးအပ်ခဲ့ပြီး  မြို့နယ်ကြက်ခြေနီအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် Hygiene Kit တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၉) မျိုးပါ ပုံး( ၁) ပုံး၊ အိမ်ဆောက် ပစ္စည်းကိရိယာ (၁) စုံ၊စောင်(၂) ထည်၊ ဒန်အိုး၊ ရေခွက်တို့အား မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)