သရက် ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၁၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောက်ကပ်အထောက်အကူပြုကော်တီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်က ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၁၀၀)ပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေများအား အလှူရှင် ကိုကျော်သူရခိုင် ဗိုလ်ချုပ်လမ်း၊ ရွှေဘုံသာရပ်ကွက်မှ မိသားစုမှ လှူဒါန်းသည့် အလှူငွေကျပ် (၅)သိန်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်နှင့် ခရိုင်ဆရာဝန်ကြီးတို့မှ လက်ခံပေးခဲ့ပြီး အလှူရှင် ဦးစိုးလှမြင့် ဒေါ်စီစီဝင်းမိသားစုမှ လှူဒါန်းသည့် အလှူငွေ (၁)သိန်းကျပ်အား ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)