သတင်းများ

ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးမှုဖြစ်ပွား
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧပြီလ ၂၃ ရက်နေ့ ညနေ (၇) နာရီ ၁၀ မိနစ်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာအုပ်စု၊ မမဲကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာအုပ်စု၊ တံပူစားကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၉) လုံးပြိုကျခဲ့ပြီး၊ လူနေအိမ် (၅၉) လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Apr 24,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မူကြိုကျောင်းများမှ ဆရာ၊ ဆရာမများအတွက် “စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း” ဖွင့်လှစ်
Apr 24,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သော “ရင်သွေးငယ်ကြက်ခြေနီ” စီမံချက်ဝင် မူကြိုကျောင်းများမှ ဆရာ၊ ဆရာမများအတွက် ဖွင့်လှစ်သည့် “စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနားတက်ရောက်
Apr 24,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဋ္ဌ ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့လယ် ၁ နာရီက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများနှင့် ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်းလင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘွဲ့ရဆရာတော်ကြီးများ၏ တပည့်တကာ၊ တကာမများနှင့် အလှူရှင်များတက်ရောက်ပူဇော်ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဖွင့်လှစ်
Apr 24,2024
ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူး၍ ပြည်နယ်အားကစားဆပ်ကော်မတီ အသီးသီးနှင့် ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းသားလူငယ်များအတွက် အားကစားနည်း (၁၅)မျိုးဖြင့် ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီခွဲက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လူရည်ချွန်စခန်း (ချောင်းသာ) အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Apr 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ လူရည်ချွန်စခန်း (ချောင်းသာ) အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်လှစ်မည့် AZURA ဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်စစ်ဆေးကုသပေး
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သရက်ခရိုင်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သရက်၊ မင်းတုန်း၊ ကံမ၊ မင်းလှမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ အကောင်အထည်ဖော်ဆောင်ရွက်မည့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။