သဲကုန်း ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနတစ်ခုဖြစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စမ်းသပ်စစ်ဆေးကုသလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုရောဂါအတွက် သွေးဖောက်စစ်ဆေးပေးခြင်းတို့ဆောင်ရွက်ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်းရှိ သွေးတိုး၊ နှလုံး၊ ဆီးချိုဝေဒနာရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် သွားရောက်စမ်းသပ်၍ ဆေးကုသမှုခံယူခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကိုကျော် (ပြန်/ဆက်)