သတင်းများ

သထုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်
Apr 24,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းရုပ်ပွားတော်မြတ်ကြီး ဝတ်အတွင်း ဖွင့်လှစ်သင်ကြားပေးနေသည့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
၂၀၂၄ ခုနှစ် မွန်ပြည်နယ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 24,2024
မွန်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ပညာရေးဌာနနှင့် ပြည်နယ်အားကစား ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Apr 24,2024
ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေး၊  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါလွင် ဦးဆောင်သော တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  ပြင်ဦးလွင်မြို့နယ်၊ ကုန်းသာကြီးအုပ်စု၊ ကုန်းသာကြီးကျေးရွာရှိ သစ္စာရောင်ခြည်စာကြည့်တိုက်သို့ သွားရောက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   
ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးဧက (၂၃၀၀) အောင်မြင်ဖြစ်ထွန်း
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင်(၂၀၂၃-၂၀၂၄) ခုနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးဧက(၂၃၀၀)မှာ စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ လပြည့်နေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူ
Apr 24,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်း မိသားစုများ လပြည်နေ့တိုင်းအစဉ်အလာမပျက် အရုဏ်ဆွမ်းလောင်းလှူခြင်းကို တန်ခူးလပြည့် ယမန်နေ့ နံနက် ၇ နာရီအချိန်က အရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ ပေးခြင်းအခမ်းအနားကျင်းပ
Apr 24,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်။
ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အင်္ဂလိပ်စာအခြေခံသင်တန်း(အခမဲ့) ဖွင့်လှစ်
Apr 24,2024
နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူလေးများအား အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အခြေခံအင်္ဂလိပ်စာ သင်ကြားခြင်းဖြင့် အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်ပြီး ကျောင်းသင်ခန်းစာများတွင်လည်း အထောက်အကူပြုစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက် (၁၀) နာရီမှ စတင်၍ အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် (၂၁) ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၃၀) ဦးခန့်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။