ရွှေတောင် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧပြီလ ၂၃ ရက်နေ့ ညနေ (၇) နာရီ ၁၀ မိနစ်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာအုပ်စု၊ မမဲကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာအုပ်စု၊ တံပူစားကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၉) လုံးပြိုကျခဲ့ပြီး၊ လူနေအိမ် (၅၉) လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဒုရင်ဒုဘိုကျေးရွာအုပ်စုရှိ ကျေးရွာ (၁) ရွာတွင် လူနေအိမ် (၄) လုံးအမိုးလန်၊ ကျီးသဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၃) ရွာတွင် လူနေအိမ် (၆) လုံး အမိုးလန်၊ မမဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁) ရွာတွင် လူနေအိမ် (၅) လုံး အမိုးလန်၊ ကွင်းယားကြီးကျေးရွာ (၄) ရွာတို့တွင် လူနေအိမ် (၁) လုံးပြိုခဲ့ပြီး လူနေအိမ် (၁၈) လုံး အမိုးလန်၊တံပူစားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၄) ရွာတို့တွင် လူနေအိမ် (၆) အိမ်ပြိုကျခဲ့ပြီး လူနေအိမ် (၂၀) လုံး အမိုးလန်၊ တရုတ်မှော်ကျေးရွာ အုပ်စုအတွင်းရှိကျေးရွာ (၃) ရွာတွင်လူနေအိမ် (၂) အိမ်ပြိုကျခဲ့ပြီးလူနေအိမ် (၆) အိမ်အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါ လေဘေးသင့်၍ ပြိုကျ/အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီ နေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိမှုမရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)