သတင်းများ

ရွှေတောင်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် (၅) လုံး ပြိုကျခဲ့ပြီး လူနေအိမ်(၂၈)လုံး အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဒုရင်ဒုဘိုအုပ်စု၊ ရွှေပန်းတောကျေးရွာ၊ ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေး
Apr 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများမှ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၃၅) လုံးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧပြီလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော လေဘေးအန္တရာယ်ကြောင့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနများ ပူးပေါင်း၍ ရွှေတောင်မြို့နယ် (ဒုရင်ဒုဘို၊ မြို့မ၊ နွားမယံ၊ ဇယ်မ၊ ထန်းကုန်း) စသည့် ကျေးရွာအုပ်စု (၅) စုမှ ပြိုလဲ နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂၈) လုံးအတွက် (၁၀၄၀၀၀၀) ကျပ်၊ အိမ်ထောင်စု(၃၃)စုမှ လူဦးရေ (၁၁၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၄၅၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၈၅၇၀၀) ကျပ်နှင့် (၄၆၀၃၆) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ အိမ်ထောင်စု (၅) စုအား ကယ်ဆယ်ရေးပစ္စည်ပုံး (၅) ပုံးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေး
Apr 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ပြည်သူများစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ အဆိုပါသင်ကြားနေမှုများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့် English Speaking သင်တန်းဖွင့်လှစ်သင်ကြား
Apr 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့်English Speaking သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်းဖွင့်ပွဲသို့ တက်ရောက်
Apr 24,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဇေယျာသီရိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါ်ဇာဇာဇင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းကွင်းဆင်း ဆောင်ရွက်
Apr 24,2024
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဟိန်းဇော်နှင့်အဖွဲ့မှ မီးသတ်ဆေးဘူး (၁၄)ဘူးအား အာနိသင်သက်ရောက်မှု ရှိ၊မရှိ စိစစ် စစ်ဆေးပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများ၏ အရည်အသွေး စိစစ်ခြင်းနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။