သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေး
Apr 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများအား ဧပြီလ(၈)ရက်နေ့က စတင်သင်ကြားလျက်ရှိရာ အဆိုပါသင်ကြားနေမှုများအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်အန္တရာယ် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Apr 24,2024
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနား တက်ရောက်
Apr 24,2024
စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စုကွင်းအမှတ် (၁၈၂၆) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။
မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အရှင်သူမြတ်၏ (၇၅) နှစ်ပြည့် မွေးနေ့ ဝိဇာတမင်္ဂလာနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတပူဇော်ပွဲ ကျင်းပ
Apr 23,2024
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက် ပဓာနနာယက, နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘ တိပိဋက ဒီဃဘာဏက ဒီဃနကာယကောဝိဒ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပိဋကတ်တစ်ပုံဆောင်(အာဂုံ) ပိဋကတ်တစ်ပုံဆောင် (ရေးဖြေ) သာသနဓဇဓမ္မစရိယ အရှင်သူမြတ်၏ (၇၅) နှစ်ပြည့် စိန်ရတု ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့‌နယ်အတွင်းရှိ ‌သောက်သုံးရေအခက်အခဲရှိရာနေရာများအား အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ ရေလှူဒါန်း
Apr 23,2024
မွန်ပြည်နယ်၊ သထုံမြို့‌နယ်အတွင်း ယခုနှစ်ပူပြင်းခြောက်သွေ့သည့်ကာလ၌ ရေအခက်အခဲဖြစ်ရာနေရာများသို့ အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ စဉ်ဆက်မပျက် သောက်သုံးရေများလှူဒါန်းခဲ့ရာ ယနေ့အထိ သောက်သုံးရေ ဂါလံပေါင်းနှစ်သိန်းနီးပါးခန့် လိုက်လံလှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာနှင်းဆီအိမ်ရာတွင် မီးလောင်မှုဖြစ်ပွား
Apr 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာ၊ တိုက်(1A)၊ ၁၃လွှာ၊ အခန်း(၀၄)တွင် ဧပြီ ၂၂ ရက်နေ့ (၁၁:၃၉)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Apr 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း​များအား ပင်စာလစာများ စတင်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီက ရေဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၇) နာရီ အချိန်ခန့်က စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိ‌ကြောင်း သိရသည်။