သတင်းများ

ချောက်မြို့နယ်၌ ဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ဂွေးချို)အတွက် သင်ကြားသင်ယူမှုအခြေအနေများနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်နိုင်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်ဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဂွေးချို)အတွက် သင်ကြားသင်ယူမှုနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်မည့် အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဂွေးချို)၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် တက်ရောက်ရှင်းလင်းဆွေးနွေးသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ (Community Centre) ခန်းမတွင် စာရေးဆရာ "မောင်ခင်မင် (ဓနုဖြူ) "ရေးသားသည့်"​ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က လင်းခေးမြို့နယ် ဓမ္မစကူးလ် သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသားများအတွက် ထောက်ပံ့ငွေများပေးအပ်
Apr 24,2024
ရှမ်းပြည်နယ် အစိုးရအဖွဲ့က လင်းခေးမြို့နယ် ဓမ္မစကူးလ်သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသားများအတွက် ထောက်ပံ့လာသော ငွေများအား မြို့နယ်တာဝန်ရှိသူတို့က အဆိုပါ သင်တန်းဖွင့်လှစ်လျက်ရှိသည့် နေရာအသီးသီးသို့ ကွင်းဆင်းပေးအပ်ခဲ့ကြသည်။
ဝေါမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စာဖတ်ဝိုင်းကျင်းပ
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်း ၁၀:၀၀ နာရီတွင် စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မိုးကြိုပဲတီစိမ်း (၂၂၇၁) ဧက စိုက်ပျိုးပြီးစီး
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးကြိုပဲတီစိမ်း (၂၂၇၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍သိရသည်။
ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပ
Apr 24,2024
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သံဃာအပါး (၅၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ကြည်ညို
Apr 24,2024
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ (၂၃) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး (၅၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့မှ တက်ရောက်လောင်းလှူကြည်ညိုခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီး
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာအုပ်စု၊ သငှားကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၃) လုံး၊ စာသင်ကျောင်း (၁) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့သည်။