မဲဇလီကုန်းမြို့၊ အုန်းကုန်းကျေးရွာကုန်ထုတ်လမ်းတွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

အင်္ဂပူ ဇူလိုင် ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အုန်းကုန်းကျေးရွာကုန်ထုတ်လမ်းတွင် ယနေ့ နံနက်ပိုင်းက ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပျိုးပင်များကို တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းနိုင်တို့က တာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး အုန်းကုန်းကျေးရွာကုန်ထုတ်လမ်း အဝင်လမ်းဘေးတလျှောက်တွင် ကျွန်း (၇၅) ပင်၊ မန်ဂျန်ရှား (၇၅) ပင် စုစုပေါင်း (၁၅၀) ပင်တို့ကိုစု‌ပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့အုပ်ချုပ်‌ရေးမှူးနှင့် ဝန်ထမ်းများ၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)