လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

လှိုင်သာယာ (အရှေ့ပိုင်း) ဇူလိုင် ၆

‎‎ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ဝင်းမာလာက အခွန်ကောက်ခံရသည့် ရည်ရွယ်ချက်များအကြောင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအား ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာအကြောင်း၊ အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်ဆိုင်ရာလေးစားလိုက်နာမှုတိုးတက်ရေး၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်းသိကောင်းစရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး၊ ဦးစီးအရာရှိ ဦးရဲနိုင်ဝင်းမှ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အခွန်ထမ်းပြည်သူများက အခွန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

‎‎မြို့နယ် (ပြန်/ဆက်)