မြန်အောင် ဇူလိုင် ၆
ရက် ၁၀၀ စီမံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၂၃ နှစ်အောက်အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က အောင်ဇေယျအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေအား အလေးပြုခြင်း၊ တန်းအပ်ခြင်းများပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစနေထွန်းတို့က အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးဦးဆောင်၍ အားကစားသစ္စာဓိဌာန် (၄) ချက်ရွတ်ဆိုပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား အလေးပြု၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။
မြန်အောင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၂၃ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တိုက်နယ်အလိုက်ပြိုင်ပွဲဝင်အသင်း (၇) သင်း ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်းသိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)