မိတ္ထီလာ ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက ပျော်ကုန်းကျေးရွာ ကုန်ထုတ်လမ်းဘေးဝဲယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထိုက်နှင့်ဝန်ထမ်းများက ပျော်ကုန်းကျေးရွာမှ ဒေသခံပြည်သူများနှင့်အတူ ပျော်ကုန်းကျေးရွာကုန်ထုတ်လမ်းဘေးဝဲယာတွင် စိန်ပန်းပင်၊ ငုစက်ပင်၊ သပြေဘူတပင်၊ မယ်ဇယ်၊ စိန်တန်ချူပင် စုစုပေါင်း အပင် ၁၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)