ဒေးဒရဲ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာဘေးအန္တရာယ်ကင်းဝေးရေးရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ရောင်းချလျက်ရှိသည့် မုန့်စျေးတန်းများအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင် ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်စစ်ဆေးခြင်း၊ မုန့်စျေးတန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများ၊ ကုန်ညွှန်းအမှတ်အသားပါဝင်သည့် အစားအစာများ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အေဇာလင်း