မြောက်ဥက္ကလာပ ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အထောက်အကူပြုအဖွဲ့နှင့် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအထောက်အကူပြုအဖွဲ့ Mors မှ အတွင်းရေးမှူး ဦးအောင်စစ်က အမှာစကားပြောကြားပြီး အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ ခြေကျင် လမ်းလျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ ၊ လက်အချက်ပြ သင်္ကေတများ၊ အုပ်စုလိုက် အစုအဝေးဖြင့် လျှောက်သူများ လမ်းလျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ အနှေးယာဉ်စီးနင်းသူများ လိုင်နာရမည့် စည်းကမ်း စသည့် အသိပညာဗဟုသုတများအား ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးဟောပြောပေးခဲ့ပြီး အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့၀င်များကယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အထောက်အကူပြုအဖွဲ့ Mors မှ အတွင်းရေးမှူး ဦးအောင်စစ်နှင့် အဖွဲ့၀င်များ၊ အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူးလှိုင်ဝင်းအောင်နှင့် တပ်ဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)