ချောက် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ ကျောင်းသား၊ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားပြသပေးနေသည် ဆရာ၊ဆရာမများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် ရွေ့လျားစနစ်ဖြင့် စာအုပ်စာစောင်များ ဖတ်ရှုငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ဆရာ၊ဆရာများအနေဖြင့် ပြင်ပစာအုပ်စာပေများလေ့လာဖတ်မှတ်ရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မိမိတို့အနေဖြင့် အခြေခံပညာကျောင်းများသို့ အသိပညာပေးကွင်းဆင်းမှု၊ ချောက်မြို့နယ်ပြည်သူ့စာကြည့်တိုက် page၊ Telegram၊ TikTok များအား စာတ်ဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှုနှင့် ရွေ့လျားစနစ်ဖြင့်စာအုပ်များ ငှားရမ်းပေးမှုတို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ ချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက Mobile ယာဉ်ဖြင့် အ.ထ.က(၁) ကျောင်းတွင် ရှေ့ဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်သင်တန်းတက်ရောက်နေသည့် မြို့နယ်အတွင်းရှိ KG နှင့် Grade(1)မှ ဆရာ၊ဆရာမများအား စာအုပ်များပြသကာ(အခမဲ့)ငှားရမ်းပေးကြောင်းသည်။
ကျော်မိုး (ပြန်/ဆက်)