ထန်းတပင်မြို့နယ် ဆိပ်ကြီး-ရေကျော်-ပဲပုတ် ရေတားတမံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

ထန်းတပင် (ပဲခူး) မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် တိုင်းဒေသကြီးအစီအစဥ်နှင့်ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့်ဆောင်ရွက်နေသည့် ဆိပ်ကြီး-ရေကျော်-ပဲပုတ် ရေတားတမံအား မေလဒုတိယပတ်ကစတင်၍ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်းနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကြီး-ရေကျော်-ပဲပုတ် ရေတားတမံကို တိုင်းဒေသကြီးအစီအစဥ်နှင့် ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် အရှည် ပေ ၄၀၀ ၊ တာထိပ်အကျယ် ၁၂ ပေ၊ အမြင့် ၁၀ ပေရှိမြေသား တာဘောင်တမံကို မိုးရာသီမတိုင်မီပြီးစီးပြုပြင်ဆောင်ရွက်နိုင် ရေးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တယားများဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ တာဘောင်တမံပြုပြင်ဆောင်ရွက်ပြီးပါက ရပ်ကွက်၊ ကျေးရွာပြည်သူတို့၏ လယ်ယာမြေဧက (၃၀၀၀၀) ကျော် ရေကြီးနစ်မြုပ်မည့်ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)