ဒဂုံဆိပ်ကမ်း မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ရန်ကုန်တိုင်းဒေသကြီး သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ တိုင်းဒေသကြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းကာရေးဆွဲထားသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေပါ ရည်မှန်းချက်များနှင့်လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒေသန္တရစီမံကိန်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက စီမံကိန်းတာဝန်များအားပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)