ညောင်ဦးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ညောင်ဦး မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်ပတ်  ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေမြဲဖို့ မိဘပြည်သူအားလုံးပူးပေါင်းပါ ဝင်ကြပါစို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေ ၁၉ ရက်နံနက် ၇ နာရီက လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေပေးသည်။

ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်  ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများသည် လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့်ဘုရားနီလမ်းဆုံ၊ ပုဂံဈေးသစ်ကြီးတို့တွင် လက်ကမ်းစာစောင များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း