စဉ့်ကူးမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး

စဉ့်ကူး     မေ     ၁၉

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့တွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ”ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှိုးဆော်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေး-စဉ့်ကူး-ရွှေဘို ကားလမ်းဆုံတွင် ဆောင်ရွက်သည်။

အဆိုပါလက်ကမ်းစာစောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်း ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ်လာကြသူများနှင့် ဒေသခံပြည်သူများထံသို့ စောင်ရေ (၅၀၀)ခန့်အား ပေးဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းနေအရွယ်ကလေးအားလုံး  မေ (၂၅) ရက်မှ (၃၁) ရက်အထိ အခမဲ့ကျောင်းအပ်နိုင်ကြောင်းစသည့်အချက်များ ပါဝင်သည်။

တင်ဇာလွင် (ပြန်/ဆက်)