ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌ အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းဆေးကုသ
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ ဦးဆောင်ကာ အထူးကုသရေးအဖွဲ့(၁၂)ဖွဲ့နှင့်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များပါ ဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေ ၁၉ ရက်နံနက် ၈ နာရီအချိန်မှစတင်၍ အခြခံပညာအထက်တန်းကျောင်း(ပုဂံ)ကျောင်းဝင်းအတွင်း ဒေသခံပြည်သူများအား အထူးကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။