သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှု အသိပညာပေးခြင်း ဆောင်ရွက်
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှု အသိပညာပေးသရုပ်ပြသဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အိုင်အိုဒင်းဆားသုံးစွဲရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အိုင်အိုဒင်းဆားသုံးစွဲရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ဇေယျာသီရိဈေးတွင် အိုင်အိုဒင်းဆားရောင်းချခြင်း၊ ဝယ်ယူစားသုံးခြင်း ရှိ/မရှိ စျေးဆိုင်များအားစစ်ဆေးခြင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကွယ်ရေး အသိပညာပေး
Aug 27,2025
မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကွယ်ရေး အသိပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဝန်ဇင်းခန်းမတွင် ကျင်းပသည်။
တမူးမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Aug 27,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အေးချမ်းဝေစည်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
မိုင်းယောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်  မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့က ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာနှင့် ယမ်းမွန်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပုံး​မြို့နယ် စအွန်ကျေးရွာ လင်းရောင်ခြည်စာကြည့်တိုက်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 27,2025
ရှမ်း​ပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိဘဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU)အဖွဲ့မှ ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။