အစိုးရနည်းပညာအထက်တန်းကျောင်း(‌ကျောက်ဆည်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ကျောက်ဆည် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်ပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အစိုးရနည်ပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ မေဂျာပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများမှ သိပ္ပံနှင့်နည်းပညာ သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တထောင့်တနေရာမှ အထောက်အပံ့ပြုနိုင်ရန်အတွက် လေ့လာသင်ယူမှုများပြုလုပ်ရာတွင် စာတွေ့လက်တွေ့ နှစ်ရပ်လုံးထူးချွန်ထက်မြတ်အောင် လေ့လာသင်ယူရေး၊ စိတ်ဓာတ်၊စည်းကမ်းကောင်းမွန်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် လူတော်လူကောင်းများဖြစ်အောင် မိမိကိုယ်ကိုပျိုးထောင်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူများအား ဆုများ ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်သူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ကျောင်းအုပ်ကြီး ဒေါက်တာဇာနည်ထွန်းနှင့် တာဝန်ရှိသူတို့က တတိယနှစ်၊ ဒုတိယနှစ်(အဆောက်အဦနည်းပညာသင်တန်းနှင့် လျှပ်စစ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်းနှင့် သုတနည်းပညာသင်တန်း၊ အဆောက်အဦပြုပြင်ထိန်းသိမ်းခြင်းနည်းပညာသင်တန်းနှင့် မော်တော်ယာဉ်နည်းပညာသင်တန်းတို့မှ ထူးချွန်ကျောင်းသား၊ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းနှင့် အခမ်းအနားသို့ တက်ရာက်သူများအား ကျောင်းသား၊ ကျောင်းသူလေးများက အကများ၊ သီချင်းများဖြင့် သီဆိုဧည်ခံခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)