ပြည်ကြီးတံခွန်မြို့နယ် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်

ပြည်ကြီးတံခွန် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရှိ  ရုံးဝန်ထမ်းများအား ယနေ့မွန်းလွဲ ၁ နာရီက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား  အခမဲ့ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ပေးရာတွင်  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ယင်းရွေ့လျားစာကြည့်တိုက်ယာဉ်တွင် သုတ၊ ရသစာအုပ်ပေါင်း နှစ်ထောင်ကျော်ရှိပြီး နှစ်ပတ်လျှင် တစ်ကြိမ် အခမဲ့လှယ်လဲပေးသွားမည်ဖြစ်ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။ 

ယင်းစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)