လှည်းကူး ဇူလိုင် ၂၃
လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ချိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ ၊ပြိုင်ပွဲများကို ယနေ့နံနက်(၁၀:၀၀)အချိန်က အ.ထ.က(ကျွန်းကလေး)တွင် ကျင်းပသည်။
အခမ်းနားတွင် ပြန်ကြားရေးနှင့်ပြည် သူ့ဆက် ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်အိရွှေစင်လတ် ကစာဖတ်ချိန်မြှင့်တင်ရေးလှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး စာရေးဆရာမ ပျိုပျို(ယောဂ)မှ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ အ.ထ.က(ကျွန်းကလေး)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးထိန်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် ဂိမ်းကစားနည်း ပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသားကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များအား ကလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)