လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် အာဟာရမုန့်များ လှူဒါန်း

လဲချား ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သီရိမင်္ဂလာအုဋ်ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိပါသည်။

အဆိုပါ ဓမ္မစကူးလ်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းမှ သားသား/မီးမီးလေးများ (၃၅၆)ဦးအား ကော်မတီအဖွဲ့ဝင်များနှင့် ဆရာ/ဆရာမများက အာဟာရ မုန့်များ လှူဒါန်းခဲ့ကြောင်းသိရသည်။

 လဲချား(မြို့နယ်၊ ပြန်/ဆက်)