သတင်းများ

ဓနုဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မုဒုံမြို့၌ ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 24,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝဲကလိကျေးရွာနှင့် ကတုံးပေါ်ကျေးရွာတို့တွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ဧရာဝတီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ကျိုင်းတုံမြို့၌ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော
Jun 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ်သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ အမေ့ရင်ခွင်ကျောင်းတွင် ကျင်းပသည်။
မိုးနဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲ ကျင်းပ
Jun 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းကွင်းပြင်နေရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၈ နာရီခွဲအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းကို သီရိရွှေသာဈေးအတွင်းဆောင်ရွက်
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့မွန်းတည့် ၁၂ နာရီ အချိန်က သီရိရွှေသာဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲ ကျင်းပ
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကူကြီး - ကြီကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး
Jun 24,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် (၂)ရွာ တစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကူကြီး - ကြီကုန်းကျေးရွာ၌ သတ္တမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။