မိုးနဲမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (ဆိုင်းဖယ်)တွင် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုးနဲ ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (ဆိုင်းဖယ်)၌ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမဆောင်နေရာ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ‌ကျောင်းသား/သူလေးများက ပြည်မြန်မာသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေတို့က အမှာစကားအသီးသီးပြောကြားခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြိမ်ခမ်းက  ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့် ကျောင်းအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် ကျောင်းတွင်း ဉာဏပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)